၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာနယ်မြေ၊ ကျောင်းတော်ရာကျေးလက်ကျန်းမာရေးဆေးခန်းဘေး၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေခွဲ၊ အမြင့် ၅၀ ပေခန့်ရှိ ပေါက်ပင်သည် ဆွေးမြေ့၍ လဲကျနေကြောင်း သတင်းရရှိသဖြင့် ကျောင်းတော်ရာနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။