၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၉၃)လမ်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေခွဲ၊ အမြင့် ၂၀ ပေခန့်ရှိ စိန်ပန်းပင်သည် ဆွေးမြေ့၍ လဲကျနေကြောင်း သတင်းရရှိသဖြင့် သာပေါင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။