၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မြောက်မှ တောင်သို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘူမိအရှေ့ရပ်ကွက်နေ ဝဏ္ဏကို (၄၈)နှစ် မောင်းနှင်သော YGN-10/5S-XXXX TOYOTA LANDCRUSIER အမဲရောင်မော်တော်ယာဉ်သည် သင်္ဃန်းကျွန်းကြီးကားမှတ်တိုင်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာနေ ထွန်းအေးကျော်(၄၃)နှစ်အား ဝင်ရောက်တိုက်မိမှုကြောင့် ထွန်းအေးကျော်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဝဏ္ဏကို အား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။