၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီ ၄၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေအေးစမ်းကျေးရွာ၊ ဂျိုးဖြူကန်လမ်းမကြီးပေါ်၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၁၀ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ ညောင်ပင်သည် မြေပွ၍ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၃၂ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။