Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆင်းကတ်များအား စနစ်တကျ ပြန်လည်မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်း အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆင်းကတ်များအား စနစ်တကျ ပြန်လည်မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်း အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဝင်များ၊ ဆင်းကတ်အရောင်းဆိုင်ရှင်များနှင့်အတူ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။