၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇောတိက ထံသို့ သွားရောက်၍ ကျောင်းရှိ စာသင်ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ စာသင်ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံ။