၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၄၄ တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ မလေးရှားပိတောက်ပင်သည် အမြစ်မခိုင်၍ လဲကျနေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၃ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်း ရရှိပါသည်။