၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့၊ (ဃ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဟိန္ဒူဘုန်းကြီးကျောင်းဝင်းအတွင်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၆ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ ညောင်ပင်သည် မြေပွ၍ အမြစ်မခိုင်ဘဲ ဘုရားကျောင်းဆောင်ပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် လှိုင်းဘွဲ့မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အမိုးသွပ်အချပ် ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။