Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၄ ရက် နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ရေပုန်းလမ်း V8 ကားဝပ်ရှော့အနီး၌ ကျော်ဇင်သန့်(၂၇)နှစ် မောင်းနှင်သည့် YGN-36/1J-XXXX MITSUBISHI OUT LANDER အပြာရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်ဇင်သန့် အား မြိတ်မြို့မရဲစခန်း (ပ)၁၁၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။