၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက်က ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ ဟောင်လီ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ မိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်နေ ခွန်သန်းမောင် (၃၂)နှစ် မောင်းနှင်လာသည့် SHN-45/6L-XXXX FORD RANGER အမဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ခွန်သန်းမောင် အား မိုင်းတုံမြို့မရဲစခန်း (ပ)၂၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။