Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
   ဖြစ်စဉ်မှာ ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းအနီး၌ အမှတ်(၁၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တောင်ငူမြို့မှ လဲဘူးကျေးရွာသို့ ခိုင်မင်းထက်(၂၃)နှစ် မောင်းနှင်လာသော KYN-7/9K-XXXX HIJET အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ခိုင်မင်းထက် အား တောင်ငူမြို့မရဲစခန်း (ပ)၁၂၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။