Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ယာဉ်ကြောမရှင်းဘဲ ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ယာဉ်ကြောမရှင်းဘဲ ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
   ဖြစ်စဉ်မှာ ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ ကားကြီးကွင်းမီးပွိုင့်လမ်းဆုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၀၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်နေ ခင်ယု(၃၆)နှစ် မောင်းနှင်ပြီး ခင်စု(၃၉)နှစ် လိုက်ပါလာသည့် SGG/ 2W-XXXX JIALING SUPER CUB 110 ဆိုင်ကယ်သည် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ ငြိမ်းသီရိလမ်းအား ယာဉ်ကြောမရှင်းဘဲ လမ်းဖြတ်ကူးစဉ် အဆိုပါလမ်းအတိုင်း မြောက်မှ တောင်သို့ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်နေ နန်းနွယ်ဝင်း(၄၀)နှစ် မောင်းနှင်လာသည့် YGN-9/RLG-XXXX HIJET မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ခင်စုမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ခင်ယုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နန်းနွယ်ဝင်းနှင့် ခင်ယုတို့ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်း ယာဉ် (ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ယာဉ်ကြောမရှင်းဘဲ ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။