၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ မဟာမြိုင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ မဟော်ဂနီ၊ စိန်ပန်းနှင့် အော်ရီရှား စသည့် ပျိုးပင်ပေါင်း ၇၀၀ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ မဟာမြိုင် ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ
အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။