၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စုရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ မဟော်ဂနီနှင့် မန်ဂျန်ရှား စသည့် ပျိုးပင်ပေါင်း ၅၀၀ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စုရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်
စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။