Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၄ ရက် ည ၇ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကျောက်တောင်လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ ပိုင်ဖြိုးသော်(၂၁)နှစ်အား အရိုး/အသွား ၃၀ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိ ခဲ့သဖြင့် ပိုင်ဖြိုးသော် အား တာချီလိတ်မြို့မရဲစခန်း (ပ)၁၁၉/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။