Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၅ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်နေ ဦးဇော်ထက်အောင်(၄၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ လိုက်ပါလာသော YGN-42/2E-XXXX TOYOTA HILUX အမဲရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌  ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်နေ ဦးသူရဇော်အောင်(၃၆)နှစ်၊ မောင်အောင်မင်းသူရ(၁၀)နှစ်၊ ဒေါ်နွယ်နီဌေး(၃၉)နှစ်နှင့် မချစ်မင်းသူရ(ခုနစ်နှစ်)တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဦးဇော်ထက်အောင် အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး
ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။