Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ဆိုင်ကယ် တစ်စီးအား တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၌ ခရီးသည်တင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ဆိုင်ကယ် တစ်စီးအား ယာဉ်၏ ဝဲဘက်နောက်ခြမ်းနှင့် ပွတ်တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းကောင်းကျေးရွာအနီး ကျေးသီး-မိုင်းနောင်သွားကားလမ်း မိုင်တိုင်အမှတ် ၆၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျေးသီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းနောင်မြို့မှ ကျေးသီးမြို့သို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်နေ ကျော်မင်းထွန်း(၃၉)နှစ် မောင်းနှင်လာသည့် YGN-12/7L-XXXX YUTONG အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်နေ ဒေါ်အိအိဖြူ(၃၀)နှစ် မောင်းနှင်ပြီး မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်နေ ဦးမျိုးမင်းထွန်း(၃၀)နှစ် လိုက်ပါလာသည့် SHN-XXXX KENBO 125 ဆိုင်ကယ်အား ယာဉ်၏ဝဲဘက်နောက်ခြမ်းနှင့် ပွတ်တိုက်မိခဲ့သဖြင့် ဆိုင်ကယ် တိမ်းမှောက်၍ ဒေါ်အိအိဖြိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးမျိုးမင်းထွန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျော်မင်းထွန်း အား ကျေးသီးမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။