Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာအနီးတွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် သွားရောက်ကူညီဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၇ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာအနီးတွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆက်လက်ပြိုကျနိုင်ခြေရှိသည့် လူနေအိမ် တစ်လုံးအား ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
      အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် တစ်လုံးရှိ အိမ်ထောင်စု တစ်စုအား သဖန်းဆိပ်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။