Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

       မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၆ ရက် နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)ရှိ ဈေးလေးမီးပွိုင့်၌ အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချယ်ရီလမ်းဆုံဘက်မှ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)နေ အောင်မြင့်သိန်း(၄၅)နှစ် မောင်းနှင်လာသည့် YGN-8 9I/XXXX Nissan Note ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်မြင့်သိန်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ) ၁၁၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

တရားခံ အောင်မြင့်သိန်းနှင့် သက်သေခံ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး မှတ်တမ်းဓာတ်ပုံ။