Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက်က လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၆ ရက် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ငါးဦးစီးရုံးလမ်း၌ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မြိတ်မြို့၊ ကံကြီးရပ်ကွက်နေ ကိုကိုသက်(ခ)ကိုသက်(၂၉)နှစ် မောင်းနှင်လာသည့် YGN-7 1L/XXXX NISSAN VANETTE မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကိုကိုသက်(ခ)ကိုသက်အား မြိတ်မြို့မရဲစခန်း(ပ)၁၁၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

တရားခံ ကိုကိုသက်(ခ)ကိုသက်နှင့် သက်သေခံ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး မှတ်တမ်းဓာတ်ပုံ။