Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဥယျာဉ်မြောက်ရပ်ကွက်၊ ဆေးရုံဟောင်းလမ်းရှိ “သိန်း” ရေချိုးခန်းသုံးပစ္စည်းနှင့် အိမ်အလှဆင်ကြွေပြားဆိုင် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဥယျာဉ်မြောက်ရပ်ကွက်၊ ဆေးရုံဟောင်းလမ်းရှိ ပိုင်ရှင် ဦးသိန်းဌေး၏ ၃၆ x ၉၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC နှစ်ထပ် “သိန်း” ရေချိုးခန်းသုံးပစ္စည်းနှင့် အိမ်အလှဆင်ကြွေပြားဆိုင် အပေါ်ထပ်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟင်္သာတခရိုင်/ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ၃၆ x ၉၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC နှစ်ထပ်၏ အပေါ်ထပ်မျက်နှာကြက်အနည်းငယ်နှင့် ပြတင်းပေါက် လေးပေါက်၊ မီးအားမြှင့်စက် တစ်လုံး၊ သစ်သားဘီဒို တစ်လုံးနှင့် ၃၂ လက်မ TV တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသိန်းဌေးအား ဟင်္သာတမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။