၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗောဓိလမ်း၊ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၈ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ တမာပင်သည် အမြစ်လန်၍ လဲကျမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။