Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၈ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ သူရိန်မြင့်(ခ)ကတုံး(၂၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ရန်လင်းသွင်(ခ)တိုးကြီး(၂၅)နှစ် စီးနင်းလိုက်ပါလာသည့် TARYAN 110 အနက်ရောင်ဆိုင်ကယ်သည် ရှောက်တောပင်ကျေးရွာ(ပျဉ်းမနား-သကြားစက်)သွားကားလမ်းအတိုင်း သနပ္ပင်ဆိပ်ကျေးရွာမှ ညောင်ပင်သာကျေးရွာသို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၂ မိုင်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမျက်နှာချင်းဆိုင်မှ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေ ကျေးရွာနေ ဦးကျော်ခိုင်ဦး(၃၉)နှစ် မောင်းနှင်ပြီး ဒေါ်ဝင်းပပ(၃၅)နှစ် စီးနင်းလိုက်ပါလာသည့် ADIXIN 110 နက်/ပြာရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ရန်လင်းသွင်(ခ)တိုးကြီးမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးကျော်ခိုင်ဦးနှင့် ဒေါ်ဝင်းပပတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် သူရိန်မြင့်(ခ)ကတုံး အား ပျဉ်းမနားမြို့မရဲစခန်း၊ ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။