၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ ဒက္ခိဏာရာမိကဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ကျိုက်မရောစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော စာဖြေသံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ ဒက္ခိဏာရာမိကဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ကျိုက်မရောစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော စာဖြေသံဃာတော်များ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။