Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၁၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချို၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်မှ ဇွန် ၁၃ ရက်ထိ ၅ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူး ဦးတေဇာအောင်မှ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေဘာသာရပ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းမှ မြေယာဘာသာရပ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထန်းရွှီတို့မှ ရုံးလုပ်ငန်းလက်စွဲနှင့် ရုံးစာရေးသားနည်းဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။