၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၂)၊ ဟွေနမ့်လင်းကျေးရွာရှိ ဒေါ်နန်းကော့၏ခြံဝင်း၌ ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေး Mr. Phanatsak Riabpuang (ဖနပ်ဆက်ရိဖောင်း) နှင့် Miss.Wanida Jakkeaw (ဝနိဒါကျတျောက်) တို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသဖြင့် ၎င်းတို့နှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။