၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးတင်ဝင်းနေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကြို့ပင်ကောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဦးတင်ဝင်း(၆၃)နှစ်၊ ဦးရဲလင်းထက်(၃၇)နှစ်၊ ဈေးချိုရပ်ကွက်နေ ကိုထက်နိုင်လင်း(၂၃)နှစ်နှင့် ကုန်းမြင့်ကျေးရွာနေ ဦးမင်းသူကျော်(၃၅)နှစ်တို့ လေးဦးအား ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဦးတင်ဝင်း၊ ဦးရဲလင်းထက်၊ ကိုထက်နိုင်လင်းနှင့် ဦးမင်းသူကျော်တို့ လေးဦးအား ကြို့ပင်ကောက်မြို့မရဲစခန်း (ပ)၈၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။