Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ၊ မြင်းသောက်ကန်အနီး၊ ဂွေးချို-ရေနံချောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၃၇၉/၅ ၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ၊ မြင်းသောက်ကန်အနီး၊ ဂွေးချို-ရေနံချောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၃၇၉/၅ ၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၂ ပေ၊ အမြင့် ၁၈ ပေခန့်ရှိ ကန္တာရပင်သည် အမြစ်မခိုင်ဘဲ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဂွေးချိုနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။