Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား အအေးနှင့် ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်း

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၅ ဦး သွားရောက်၍ စာမေးပွဲကြီးကြပ်ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ‌စာဖြေဆိုမှုအပေါ် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်းနှင့် စာဖြေသံဃာ/သီလရှင်များအား အအေးနှင့်ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား အအေးနှင့် 
ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံ။