Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူ

      ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အလယ်စုကျေးရွာနေ ဒေါ်တင်တင်ဦး(၅၃)နှစ်နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းနေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်တင်တင်ဦးအား တွံတေးမြို့မရဲစခန်း(ပ)၁၀၃/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)ဖြင့်လည်းကောင်း။
      အလားတူ ဇွန် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်နေ ဒေါ်အိခိုင်(၃၀)နှစ်နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်အိခိုင်အား စမ်းချောင်းမြို့မရဲစခန်း (ပ)၂၁၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။