၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၃ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် လွယ်စတုံကျေးရွာလမ်းပေါ်အရောက်၌ အဆိုပါကျေးရွာနေ ဖြိုးမောင်မောင်(၃၆)နှစ်အား အရိုး/အသွား ၁၅ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ရမ်းကားနေကြောင်းကို တွေ့ရှိရသဖြင့် ဖြိုးမောင်မောင်အား ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၁၂၆/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။