Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှု မရှိစေရေး၊ တရားမဝင်ရောင်းချမှု မရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီဈေးနှုန်းမြင့်မားမှု မရှိစေရေး၊ တရားမဝင်ရောင်းချမှု မရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှု မရှိစေရေး၊ တရားမဝင်ရောင်းချမှု မရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။