Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းခန်းမ၌ သူနာပြုသင်တန်းအပတ်စဉ် ၅၀ တွင် အမျိုးသား ကုတ်အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းခန်းမ၌ သူနာပြုသင်တန်းအပတ်စဉ် ၅၀ တွင် အမျိုးသား ကုတ်အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းခန်းမ၌ အမျိုးသား ကုတ်အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။