၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ (၂)မိုင် ပြည်သူ့ဆေးရုံကြီး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန “နှစ်(၃၀)ပြည့်” နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ သွေးလှူဒါန်းသည့်ဝန်ထမ်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ (၂)မိုင် ပြည်သူ့ဆေးရုံကြီး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန “နှစ်(၃၀)ပြည့်” နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။