Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဓားမ တစ်ချောင်း၊ ခရင်းခွ တစ်ချောင်းနှင့် လေးခွတို့ ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဓားမ တစ်ချောင်း၊ ခရင်းခွ တစ်ချောင်းနှင့် လေးခွတို့ ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၂ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ တပ်ကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ညောင်ပင်သာကျေးရွာအရောက်၌ အဆိုပါကျေးရွာနေ ငြိမ်းချမ်းအောင်(၃၅)နှစ်အား ကျေးရွာလမ်းပေါ်၌ အရိုး/အသွား ၂၀ လက်မခန့်ရှိ ဓားမ တစ်ချောင်း၊ အရိုး/အသွား ၆ ပေ ၇ လက်မခန့်ရှိ ခရင်းခွ တစ်ချောင်း၊ လေးခွ တစ်လက်တို့ ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ငြိမ်းချမ်းအောင်မှ လေးခွဖြင့် ပစ်ကာထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးပြီး ၎င်းအား တပ်ကုန်းမြို့မရဲစခန်း(ပ)၅၈/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဓားမ တစ်ချောင်း၊ ခရင်းခွ တစ်ချောင်းနှင့် လေးခွတို့ ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။