၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက် နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၄/၂ နှင့် ၆၄/၃ ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း သက်ပိုင်စိုး မောင်းနှင်လာသော ယာဉ်အမှတ် YGN-84 G/XXXX SUZUKI CARRY PICKUP အမျိုးအစား အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် ဝိုင်ယာရှော့ဖြစ်၍ ယာဉ်၏ ဝမ်းဗိုက်မှ မီးခိုးများထွက်လာသောကြောင့် လမ်းဘေးတွင် ရပ်တန့်ခဲ့စဉ် ထိုင်ခုံကူရှင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် SUZUKI CARRY PICKUP အမျိုးအစား အဖြူရောင်ယာဉ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်း သက်ပိုင်စိုး အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။