၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွင် ပညာသင်ကြားနေသောဝန်ထမ်းများ၏ သား/သမီး ၃၀ ဦးတို့အား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။