ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်က နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ ခတ္တာလမ်းထိပ်၌ စောင့်ဆိုင်းနေစဉ် ခတ္တာလမ်းအတိုင်း အနောက်မှ အရှေ့သို့ လမ်းလျှောက်လာသည့် အဆိုပါရပ်ကွက်နေ နိုင်လင်းလင်းထွန်း(ခ)ငဩ(၄၃)နှစ်အား တားဆီးရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် နိုင်လင်းလင်းထွန်း(ခ)ငဩအား အေးသာယာနယ်မြေရဲစခန်း (ပ)၆၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။