Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက်က နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၂ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ်(၁၆၃၈)ရှိ အဆောင်အခန်းအမှတ်(၄)၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ အဆိုပါအခန်းအတွင်း၌ ရွှေလင်ပန်းကျေးရွာနေသူများဖြစ်ကြသည့် ဇော်ဇော်အောင်(ခ) ဇော်ဇော်(၃၇)နှစ်၊ အောင်ဆန်း(၂၇)နှစ်၊ စိုးထွေး(၂၆)နှစ်တို့ သုံးဦးအား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း သုံးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၅၀၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။