Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

       မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်က ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီတွင် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ စက်တန်းနယ်မြေလမ်းမပေါ် အရောက်၌ မိတ္ထီလာမြို့နယ်၊ တလင်းကုန်းကျေးရွာနေ အောင်လင်း(၃၉)နှစ်အား အရိုး/အသွား ၁၇ လက်မခန့်ရှိ ဓားဦးချွန်ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ကာ ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် အောင်လင်းအား မိတ္ထီလာမြို့မရဲစခန်း (ပ)၁၂၅/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။