၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ မြစ်ကြီးနား-မိုးညှင်းလမ်းမပေါ်၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၈ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ ညောင်ပင်နှင့် လုံးပတ် ၂ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ စိန်ပန်းပင်သည် အမြစ်မခိုင်၍ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။