၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ရထားသံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် ရထားနှင့်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာအနီး မီးရထားလမ်းမိုင်တိုင်အမှတ် ၁၂၈ မိုင်၊ ၁၀ ဖာလုံနှင့် ၁၁ ဖာလုံကြား၌ ရထားတိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ပင်သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရွာမရပ်မှ ပဲခူးလမ်းရပ်သို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဟန်ထွန်းအောင်(၅၃)နှစ် မောင်းနှင်သည့် ဆိုင်ကယ်သည် အဆိုပါနေရာရှိ ရထားသံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် အမှတ်(၁၁) အဆန်ရထားနှင့် တိုက်မိခဲ့၍ ဟန်ထွန်းအောင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဟန်ထွန်းအောင် အား ညောင်ပင်သာနယ်မြေရဲစခန်း (ပ)၁၀/၂၀၂၅၊ မြန်မာ့မီးရထားဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ရထားသံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ်
ရထားနှင့်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။