၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဝန်ထောက်ကုန်းလမ်း၊ မစိုးရိမ်ပရိယတ္တိစာသင်တိုက်၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေ၊ အမြင့် ၆၀ ပေခန့်ရှိ တောကြီးပိတောက်ပင်သည် အမြစ်မခိုင်ဘဲ ခြံစည်းရိုးပေါ်တင်၍ လျှပ်စစ်ဓာတ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများပေါ်သို့ လဲကျမှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီး မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။