Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှု ဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
    အဆိုပါဖြစ်စဉ်ကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ သွပ် ၅၀ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ သွပ် ၁၅ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ သွပ် ၅ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်၏ သွပ် ၅ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ သွပ် ၄၀ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် သွပ် ၂၀ ချပ်၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုကြောင့် ခေါင်မိုးကျိုးကျပျက်စီး၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ ခေါင်းမိုးကျိုးကျပျက်စီးခဲ့ကြောင်းနှင့်လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။