Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။