၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုအခြေအနေအား ကြည့်ရှုအားပေးမှု မှတ်တမ်းဓာတ်ပုံ။