Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေအား ကြည့်ရှုအားပေး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုသည် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။