၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းသို့ အကြီးတန်းစာရေး ၇ ဦး၊ အငယ်တန်းစာရေး ၁၈ ဦးနှင့် အခြားအဆင့် ၅ ဦး၊ စုစုပေါင်း ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်လှစ်ပို့ချမှု မှတ်တမ်းဓာတ်ပုံ။