၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုသည် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)တွင် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေအား ကြည့်ရှုအားပေးမှု မှတ်တမ်းဓာတ်ပုံ။