Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ၁၄ ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ကြက်တိုက်လောင်းကစား ပြုလုပ်သူ အမျိုးသား ၁၄ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘူတာစုကျေးရွာ၊ လယ်ကွင်းအတွင်း၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာနေ ဝင်းစန်း(၅၄)နှစ်ပါ အမျိုးသား ၁၄ ဦးအား တိုက်ကြက် ၈ ကောင်၊ ကြက်တိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ မော်တော်ယာဉ် ၁၈ စီး၊ ဆိုင်ကယ် ၁၃ စီးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ဝင်းစန်းပါ ၁၄ ဦး အား မှော်ဘီမြို့မရဲစခန်း (ပ)၂၁၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ၁၄ ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။